ကျွန်ုပ်တို့၏ဝန်ဆောင်မှု မြို့ရွာအနှံ့ ကျောင်းတိုက်ကြီးများ နှင့် လူမှုရေးအသင်း အသီးသီးက လွှဲပို့လာမည့် ကျန်းမာရေးမကောင်းမွန်သော သံဃာတော်/သီလရှင်များကို ဇီဝိတ(jivita)ဒါန သံဃာ့ ဆေးရုံကြီးက အထူးကုဆရာဝန်ကြီးများဖြင့် ကုသိုလ်ဖြစ် ဆက်လက်ဆောင်ရွက်ပေးနေသည့် သတင်းလွှာ။ Previous Next ဆောင်ရွက်နေသည့် အထူးကုလုပ်ငန်းရပ် (၁၇)ရပ်။ ၁ဖျားနာအထူးကု(တနင်္လာ) ၊ (သောကြာ)၂ရောဂါရှာဖွေရေးအထူးကု(တနင်္လာ) ၊ (သောကြာ)၃ဓါတ်မှန် / အာထရာဆောင်း (တနင်္လာ) ၊ (သောကြာ)၄ခွဲစိတ် အထူးကု(တနင်္လာ) ၊ (ကြာသပတေး)၅မျက်စိအထူးကု (တနင်္လာ) ၊ (ကြာသပတေး)၆မီးယပ်အထူးကု(အင်္ဂါ) ၊ (သောကြာ)၇အရိုးအဆစ်အထူးကု (အင်္ဂါ) ၊ (သောကြာ)၈အရေပြားအထူးကု(ဗုဒ္ဓဟူး) ၊ (သောကြာ)၉အဆုတ်ရင်ခေါင်း(ဗုဒ္ဓဟူး)၁၀ဦးနှောက် နှင့် အာရုံကြော(ဗုဒ္ဓဟူး)၁၁နား ၊ နှာခေါင်း ၊ လည်ချောင်း(ဗုဒ္ဓဟူး)၁၂အကြော / အဆစ်(တနင်္လာ) ၊ (ဗုဒ္ဓဟူး) ၊ (သောကြာ)၁၃အစာအိမ်အူလမ်းကြောင်း(သောကြာ)၁၄ကလေးရောဂါ(ကိုရင်-Monk Child)(အင်္ဂါ)၁၅သွားနှင့်ခံတွင်း(အင်္ဂါ) ၊ (ဗုဒ္ဓဟူး) ၊ (ကြာသပတေး)၁၆ဆီး နှင့် ကျောက်ကပ်-(ဖျားနာ)(တနင်္ဂနွေ)၁၇ဆီး နှင့် ကျောက်ကပ်-(ခွဲစိတ်)(ဗုဒ္ဓဟူး) ၂၀၁၀ ခုနှစ်အတွင်း အများဆုံးလာရောက် ကုသကြသော အထူးရောဂါများ။ နံပါတ်ရောဂါအမည်သံဃာသီလရှင်၁ဖျားနာရောဂါ၄၃၅၉၉၇၂၂သွားနှင့်ခံတွင်း၁၃၅၀၄၅၇၃မျက်စိ၅၇၀၂၁၉၄ခွဲစိတ်၅၂၁၉၄၅အရိုးအဆစ်၅၁၀၃၄၆ သံဃာ/သီလရှင်များ အတွင်းလူနာအဖြစ် ဆေးရုံတင်ရန်လမ်းညွှန်။ သံဃာတော်များသည် ပြင်ပလူနာ (သံဃာ) တွင် မှတ်ပုံတင်ပါရမည်။ အတွင်းလူနာအဖြစ် တက်ရောက်ခွင့်ရရန် သာသနာဝင် မှတ်ပုံတင် ပါရှိရပါမည်။ မှတ်ပုံတင်မရရှိသေးပါက ရဟန်းဖြစ်ခဲ့ သည်မှာ (၂)ဝါပြည့်ပြီးဖြစ်ကြောင်း သက်ဆိုင်ရာ ဥက္ကဌ ဆရာတော်ထံမှ ထောက်ခံစာ (သို့မဟုတ်) သိမ်ဝင်ရက်ချုပ် ပါရှိရပါမည်။သီလရှင်များအနေဖြင့်လည်း သီလရှင် (၂)ဝါပြည့်ပြီး သက်ဆိုင်ရာ သီလရှင်ကျောင်းတိုက် ၊ ရိပ်သာများ၏ ထောက်ခံချက် ပါရှိရပါမည်။သာမဏေများသည် သက်ဆိုင်ရာ ဘုန်းတော်ကြီးကျောင်း စာသင်တိုက်တို့မှ ထောက်ခံစာပါရှိရမည်ဖြစ်ပြီး ၊ သာသနာဝင်အဖြစ် အနည်းဆုံး(၁)နှစ်ရှိရပါမည်။ ဆေးဝါး နှင့် Meal offering(ဆွမ်းကွမ်း) စရိတ်ကျခံခြင်း။ လာရောက်ဆေးကုသမှုခံယူကြသော နေမကောင်းသောသံဃာ ၊ သီလရှင်တို့အတွက် လိုအပ်သော ဆေးဝါး ၊ ဓါတ်ခွဲစမ်းသပ်မှု ၊ ရောဂါစစ်ဆေးမှု စရိတ်များကို ဆေးရုံကြီး၏ ရန်ပုံငွေမှသုံးစွဲကျခံပြီး ကုသဆောင်ရွက်ပေးလျက်ရှိသည်။ Previous Next ဆေးရုံတက်ရောက်ပြီး အတွင်းလူနာအဖြစ် လက်ခံကုသခြင်း။သမားတော်ကြီးများက စစ်ဆေးပြီးနောက် ခွဲစိတ်ကုသရန်လိုအပ်ခြင်း ၊ အထူးကြပ်မတ်ကုသရန်လိုအပ်ခြင်းတို့အတွက် ဆေးရုံတင်ပြီး ကုသပေးပါသည်။အသက်အရွယ်ကြီးရင့်ပြီး စောင့်ရှောက်ရန်လိုအပ်သော နေမကောင်းသော သံဃာ/သီလရှင်များအတွက် အစောင့်(၁)ဦး လိုက်ပါစောင့်ရှောက်ခွင့်ပြုပါသည်။လိုအပ်သည်များစစ်ဆေးပြီးနောက် ခွဲစိတ်ကုသရန်လိုအပ်ပါက သက်ဆိုင်ရာအထူးကုဆရာဝန်ကြီးနှင့် မေ့ဆေးဆရာဝန်ကြီးတို့က ခွဲစိတ်ကုသပေးပါသည်။ရောဂါသဘာဝကြီးမားခြင်း ၊ အဖွဲ့အစည်းဖြင့် ကုသရန်လိုအပ်ခြင်း ၊ ယခုဤဌာနတွင် မရှိသေးသောအထူးခွဲစိတ်ကုသခြင်း(ဥပမာ -နှလုံး၊အဆုတ်၊ဦးနှောက်)တို့အတွက် မန္တလေးပြည်သူ့ ဆေးရုံကြီးရှိ လိုအပ်သောဌာနများသို့ လွှဲပြောင်းကုသစေလိုပါသည်။ဇီဝိတ(jivita)ဒါန သံဃာ့ဆေးရုံကြီးတွင် ဆေးရုံအုပ်ကြီးနှင့် လက်ထောက်ဆရာဝန် (၁၄)ဦးက အလှည့်ကျတာဝန်ထမ်းဆောင်ပြီး ကျွမ်းကျင်သူနာပြုများဖြင့် (၂၄)နာရီ ဂရုတစိုက်ပြုစုစောင့်ရှောက်လျက်ရှိပါသည်။ထို့အတူ ပါမောက္ခချုပ်(၁)ဦး ၊ ပါမောက္ခ (၁၂)ဦး ၊ တွဲဖက် ပါမောက္ခ (၅)ဦးနှင့် အထူးကု ဆရာဝန်ကြီး (၅၈)ဦးတို့ကလည်း အထူးကုသရေးလုပ်ငန်းရပ်များတွင် လုပ်အားဒါန ၊ ပညာ ဒါန ပေးလှူလျက်ရှိကြပါသည်။ အရပ်ဒေသအသီးသီးမှ နေထိုင်မကောင်းသော သံဃာ/သီလရှင် များအား အချိန်မရွေး လွှဲပို့ပေးခြင်းကို နွေးထွေးစွာ ကြိုဆိုလျက်။