ဆေးရုံအကြောင်း

ဆေးရုံ၏ တည်နေရာ

        ဇီဝိတ(jivita) ဒါန သံဃာ့‌ဆေးရုံကြီးသည် မန္တလေးမြို့ ၊ ချမ်းမြသာစည် မြို့နယ် ၊ သံလျှက်မော်‌တောင်ရပ်ကွက် (ကန်တော်ကြီး ၏ အနောက်ဘက်) (၃၉.၈၄)ဧက ကျယ်ဝန်း‌သော ‌မြေနေရာ‌‌‌ပေါ်တည်ရှိပြီး လူနာကုသဆောင် (၃၂၇) ခုတင်ဆံ့ ‌ဆေးရုံကြီးဖြစ်ပါသည်။

ဖွဲ့စည်းအုပ်ချုပ်ပုံ

             ၂၀၁၁ ခုနှစ် ၊ ‌အောက်တိုဘာလ (၁၈)ရက်နေ့မှစတင်၍ ဇီဝိတ(jivita)ဒါန သံဃာ့‌ဆေးရုံကြီး ၊ ချမ်းမြသာစည် မြို့နယ် ၊ မန္တလေးမြို့ကို ‌အောက်ဖော်ပြပါ ဖွဲ့စည်းပုံ အသစ်ဖြင့် ဖွဲ့စည်းစီမံ အုပ်ချုပ်လျက်ရှိပါသည်။

(၁)စီမံခန့်ခွဲရေး‌ကော်မတီ(၂၁) ဦး
(၂)အလုပ်အမှုဆောင်ကော်မတီ(၁၅) ဦး
(၃)ဆေးကုသရေးနှင့် ‌ဆေးနှင့်ဆေးပစ္စည်း ထိန်းသိမ်း‌ရေးဆပ်ကော်မတီ(၁၄) ဦး
(၄)ဘဏ္ဍာ‌ရေးဆပ်ကော်မတီ(၁၅) ဦး
(၅)ဆောက်လုပ်ရေးနှင့် မွမ်းမံပြင်ဆင်ထိန်းသိမ်း‌ရေး ဆပ်ကော်မတီ(၈) ဦး
(၆)ဝေယျာဝစ္စဆပ်ကော်မတီ(၁၃) ဦး
(၇)ဝန်ထမ်း‌ရေးရာ ဆပ်ကော်မတီ(၁၀) ဦး
(၈)စာရင်းစစ်ဆေး‌ရေးဆပ်ကော်မတီ(၆)
(၉)သီလရှင်‌ဆေးရုံကြီးကြပ်ရေး အမျိုးသမီးများဆပ်ကော်မတီ(၁၄) ဦး

လုပ်ငန်း‌ဆောင်ရွက်ခဲ့မှု

          ၂၀၀၈ ခုနှစ် ၊ ဧပြီလ (၁၈) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး မန္တလေး ၊ စစ်ကိုင်း ၊ ‌‌နေပြည်တော် ၊ ရှမ်းပြည်နယ် တောင်ပိုင်း ၊ ရှမ်းပြည်နယ် ‌‌မြောက်ပိုင်း ၊ မကွေး ၊ ကချင်ပြည်နယ် ၊ ရခိုင်ပြည်နယ် ၊  ဧရာဝတီ နှင့် ရန်ကုန်တိုင်း‌ဒေသကြီး တို့မှ သံဃာ‌တော်နှင့် သီလရှင်များသည် (၂၀၁၀)ခုနှစ်အတွင်း၌ အတွင်းလူနာ (၁၁၆၅)ပါးနှင့် ပြင်ပလူနာ (၁၀၅၄၇)ပါးတို့အား ‌စောင့်ရှောက် ကုသပေးခဲ့ရပါသည်။

Comments are closed.